မအီ ဩဂုတ် ၁၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနအနေဖြင့် မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျေးများရှိ ကျောင်းသူ/ ကျောင်းသားများအား သန်ချဆေးများ တိုက်ကျွေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသူ/ ကျောင်းသားများသို့ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သန်ချဆေးများ တိုက်ကျွေးပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တိုက်ကျွေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကျောင်းသား/ ကျောင်းသူများ ရောဂါဘယကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်နိုင်ရေးကို ရည်ရွယ်၍ ဤသို့ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သန်ချဆေးတိုက်ကျွေးခြင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မနက်ဖြန် မအီမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ပြောကြားသည်။
မောင်မောင်ဌေး(ပြန်/ဆက်)