လားရှိုး ဩဂုတ် ၁၆
၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲတွင် လားရှိုးခရိုင်ကိုယ်စားပြု ရွှေတံဆိပ်ဆုရရှိခဲ့သည့် မောင်အောင်ကောင်းပြည့်အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က သာသနာ့ဟိတကာရီ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် သာသနာ့ဟိတကာရီ မူလတန်းလွန်ကျောင်းအုပ်ဆရာမကြီးက လားရှိုးခရိုင် ကိုယ်စားပြု ရွှေတံဆိပ်ဆုရရှိခဲ့သည့် Grade-8 ကျောင်းသား မောင်အောင်ကောင်းပြည့် အား ဂုဏ်ပြု ကျေးဇူးတင်စကား ပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ များနှင့် ခရိုင်များအလိုက် အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို တောင်ကြီးမြို့တွင် ဩဂုတ်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့ထိကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသား (၁၀)သင်း၊ အမျိုးသမီး (၇)သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ လားရှိုးခရိုင်အနေဖြင့် ရွှေတံဆိပ် (၂)ဆု ၊ ငွေတံဆိပ်(၂)ဆု ၊ကြေးတံဆိပ်(၂) ဆု ရရှိခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)