သပိတ်ကျင်း သြဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ထိုးနံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုများအား ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူနှင့်သုံးကြိမ်ထိုးပြီး၍ (၆)လပြည့်ပြီးသူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covishield ထိုးနှံပေးခြင်းဖြစ်သည်။
သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပြီးသူ (၆၁၉၇)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စာရင်းဇယားများအရ သိရသည်။
မြို့နယ်(ပြန်/ဆက်)