မောက်မယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

မောက်မယ် သြဂုတ် ၁၆

ကျေးလက်နေပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ ကုန်းလင်မုတ်ကျေးရွာ တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာထင်းစိုက်ခင်းနေရာသို့ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၂−၂၀၂၃ဘဏ္ဍာရေးနှစ်  မိုးရာသီလူထု ဖြန့် ပျိုးပင်များဖြင့် ကျေးရွာအခြေပြု ကျေးရွာထင်းစိုက်ခင်း တစ်ရွာ(၂)ဧကလုပ်ငန်း လျာထားချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားသော စိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာ ထင်းစိုက်ခင်းတွင် စိုက်ပျိုးထားသော မယ်ဇလီ(၂၀၀၀)ပင်၊ မန်ဂျန်ရှား(၄၂၀)ပင် စုစုပေါင်း (၂၄၂၀)ပင်အား အောင်မြင်ရှင်သန်ဖြစ်ထွန်းမှုရှိစေရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူ နှင့်ကျေးရွာတာဝန်ခံတို့အား လိုအပ်သည်များ ပူးပေါင်းညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)