တကောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေး

တကောင်း ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊  တကောင်းမြို့ အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသည့် အသက်()နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျှင်အမြန်ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာကျောင်းများရှိ သတ်မှတ်စုရပ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။   

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင် ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ မြို့မ (အ.လ.က) ကျောင်းနှင့်မင်းသီဟ (အ. မ. က)ကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ကျောင်းသူ (၁၂၈)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ကျန်ရှိနေသော ကျောင်းသား၊ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများအလိုက်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

သီရိအောင်(တကောင်း)