မိုင်းယောင်း၌ မြေငှားဂရန်အတွက် လျှောက်ထားမြေနှင့်ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဩဂုတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြေငှားဂရန်အတွက် လျှောက်ထားမြေနှင့် ပတ်သက်၍ ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြေငှားဂရန် လျှောက်ထားသည့် အမှတ်(၇)ရပ်ကွက်ရှိ မြေနေရာများ၊ လျှောက်ထားမြေနှင့် ပတ်သက်သည့် အချက်အလက်များ၊ လျှောက်ထားသူ တင်ပြ သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်း နေလှိုင်၊ စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအိုက်ရှဲန်တို့အတူ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

စိုင်းအောင်ဇော်လင်း