တောင်ကြီးမြို့တွင် စားသုံးဆီများ ဈေးနှုန်းချိုသာစွာရောင်းချပေး

တောင်ကြီး ဩဂုတ် ၁၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်နေထိုင်ကြသော မိဘပြည်သူများ နေ့စဉ်မသုံးမဖြစ် အသုံးပြုနေရသည့် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီကုန်သည်နှင့် ဆီစက် လုပ်ငန်း ရှင်များအသင်းတို့ပူးပေါင်း၍ တောင်ကြီးမြို့ရှိဈေးများတွင် စားသုံးဆီများကို ဈေးနှုန်း ချိုသာစွာဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာ၌ တောင်ကြီးမြို့ပေါ်ရှိ မြို့မဈေး၊ စဝ်စံထွန်းဈေး၊ ၂၁၂ ဈေး၊ အမှတ်(၅)ဈေး နှင့် ဘူတာဈေးများသို့ ဈေးဝယ်လာရောက်ကြသော မိဘပြည်သူများအား စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် (၄၁ဝဝိ/-)နှုန်းဖြင့် တစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးခဲ့ကြောင်းနှင့် ယနေ့အတွက် စားသုံးဆီ (၃၃၀၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)