သာစည်၊ စက်တင်ဘာ ၁၂
သာစည်မြို့မှ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ Case 1611၊ Case1321တို့နှင့် ထိတွေ့မှုရှိသူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့၏ Swab နမူနာများစစ်ဆေးရန် ယမန်နေ့ကပေးပို့ထားကြောင်း သိရသည်။
မြိုနယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက အဆိုပါ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို သာစည်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာ တိုက်အမှတ် ၁၀ တွင် Facility Quarantine ထားရှိထားပြီး ၎င်းတို့နှင့်အတူ နေမိသားစုဝင်များအား သက်ဆိုင်ရာနေအိမ်များတွင် Home Quarantine ထားရှိထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)