တံတားဦး ဩဂုတ် ၁၅
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ မိုးဆီထွက်သီးနှံ (၄၆၀၃၈ )ဧက ထုပ်လုပ်ရန်လျာ ထားဆောင်ရွက်ထားပြီး မိုးဆီထွက်သီးနှံများတွင် မိုနှမ်း ၄၁၁၇၆ ဧက လျာထားပြီး (၃၆၁၆၈) ဧက၊ မိုးနေကြာ ၃၂၉၁ ဧကလျာထားပြီး (၂၅၅၆)ဧက စိုက်ပျိုးကြောင်းနှင့် မိုးမြေပဲ ၁၅၇၁ ဧကစိုက်ပျိုးရန် လျာထားပြီး ၃၅၁၇ ဧက တိုးချဲ့စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
မိုးမြေပဲကို ဆည်ရေသောက်စိုက်ကွင်းများ မဟုတ်သည့်အတွက် မိုးရေကို အဓိကထား၍ စိုက်ပျိုး လုပ်ကိုင်ကြပြီး ယခုနှစ်မိုးရွာသွန်းမှုများသောကြောင့် မြေပဲများတိုးချဲ့စိုက်ပျိုးခြင်းဖြစ်ကြောင်း တောင်သူများအနေဖြင့် ယခင်နှစ်ကဆိုရင် မြေပဲတစ်ဧကကို တင်း(၇၀)နှင့် (၈၀) ကြားထွက်ရှိကာ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၁၅၀၀၀)မှ(၁၇၀၀၀)ကြားရရှိခဲ့ကြောင်း မြေပဲစိုက်တောင်သူ ဦးတင်လှထံမှ သိရသည်။
တံတားဦးမြို့နယ် အနေဖြင့် ၂၀၂၂-၂၀၂၃ ခု မိုးမြေပဲကို ၃၅၁၇ ဧကတိုးချဲ့စိုက်ပျိုးထားကြောင်း ဆီထွက်သီးနှံ မိုးမြေပဲသည် ဆည် ရေသောက်စနစ်မဟုတ်ဘဲ မိုးရေကိုအဓိကထားစိုက်ပျိုးရပါကြောင်း၊ တံတားဦးမြို့တွင် မိုးသီးနှံ့များအနေဖြင့် မိုးစပါး၊ မိုးပဲမျိုးစုံ၊ မိုးဆီထွက်မျိုးစုံ၊ စားဖိုဆောင်(ငြုပ်)၊ စားဖိုဆောင်ဟင်းသီးဟင်းရွက်၊ အခြားသီးနှံများဖြစ်သော နှံစားပြောင်း၊ ကျွဲ၊ နွားစာနှင့် ပဲမြစ် ၊ ဝါမျိုးစုံ ၊ ကြံ တို့ကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။
ရဲတင့်