မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မိုင်းခုတ် ဩဂုတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ လူငယ်ရေးရာနှင့်ပတ်သက်၍ သိရှိလိုက်နာကျင့်သုံးနိုင် စေရန်နှင့် အသိပညာဗဟုသုရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူငယ်ရေးရာနှင့် ပတ်သက်၍ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် လူငယ်၊ လူရွယ်များ သိရှိလိုက်နာကျင့်သုံးနိုင်စေရေး အကြောင်းအရာ များကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ(၁၂)ဉီး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ဂုဏ်ပြုဆု လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။           

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)