ကျောက်ဆည် ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးများဖြစ်ပွားခဲ့ပါက ကယ်ဆယ်ရေးလုပ်ငန်းများလျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ခရိုင်မီးသတ်ဦးစီးဌာန၌ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိကြောင်း သိရှိရသည်။
ထိုသို့အသင့်စုဖွဲ့ထားရှိမှုများကို ခရိုင်မီးသတ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေး ဦးဆောင်ဆောင်၍ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ် မော်တော်ယာဉ်နှင့် အသက်ကယ်လှေများ၊ အသက်ကယ်အင်္ကျီများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်း ကိရိယာများကို အသင့်စုဖွဲ့ထားရှိကာ အချိန်နှင့်တစ်ပြေညီ ကူညီဆောင်ရွက်နိုင်ရေး ဆောင်ရွက် ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)