တံတားဦး ဩဂုတ် ၁၄
တံတားဦခရိုင်၊ တံတားဦးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်တို့တွင် ဒေသအလိုက် မိုးစပါးနှင့် အခြားသီးနှံမျိုးစုံ (၁၃၄၃၀၁)ဧကကို စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည် ။
မိုးရာသီ သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးမည့် ဧကများမှာ မိုးစပါး(၁၄၅၇၅)ဧက၊ မိုးပဲမျိုးစုံ (၂၀၇၀၆)ဧက၊ မိုးဆီထွက်မျိုးစုံ(၄၆၀၃၈)ဧက၊ စားဖိုဆောင်(ငြုပ်) (၈၃၅)ဧက၊ စားဖိုဆောင် ဟင်းသီး ဟင်းရွက်(၁၀၀၈)ဧက၊ အခြားသီးနှံများဖြစ်သော နှံစားပြောင်း၊ ကျွဲ၊ နွားစာနှင့် ပဲမြစ် စုစုပေါင်း(၄၆၉၄၃)ဧက၊ ဝါမျိုးစုံ(၄၁၂၅)ဧက၊ ကြံ(၇၀)ဧက တို့စိုပျိုးထုတလုပ်ရန်လျာထားခြင်း ဖြစ်သည် ။
တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ်လ(၅)ရက်နေ့အထိ မိုးစပါးပေါင်း(၆၈၇)ဧက၊ ပဲမျိုးစုံ (၇၉၈၂)ဧက၊ ဆီထွက်မျိုးစုံ(၄၂၂၄၁)ဧက အခြားသီးနှံမျိုးစုံ(၄၅၃၉၈)ဧကစိုက်ပျိုးပြီးကြောင်း၊ ဝါမျိုးစုံကို ယခင်နှစ်တွင်(၂၉၉)ဧကလျာထားခဲ့ပြီး ယခုနှစ်တွင် (၄၁၂၅)ကိုတိုးချဲ့စိုက်ပျိုးရန်လျာထားခဲ့ပါကြောင်း၊ ကြံကို ယခုနှစ်တွင် (၇၀)ဧကစိုက်ပျိုးရန်လျားခဲ့သော်လည်း ယခုနှစ်တောင်သူများမှ(၉၁)ဧကအထိ တိုးချဲ့စိုက်ပျိုး ထားပါကြောင်း၊ ဒါ့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးနှင့် အခြားသီးနှံမျိုးစုံ လျာထားဧကပြည့်မီကျော်လွန်ရေးနှင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေး စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး ၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် ကင်းရှင်းရေးတို့အတွက် တောင်သူများနှင့် ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်