မလှိုင်-မန္တလေး ၊ မလှိုင်-မိတ္ထီလာ ပြေးဆွဲနေသော လှိုင်ရွှေဝါ ခရီးသည်ယာဉ်လိုင်း ယာယီရပ်ဆိုင်းထား

မလှိုင် ၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့မှ မန္တလေး ၊ မလှိုင်မြို့မှ မိတ္ထီလာသို့ ပြေးဆွဲနေသော လှိုင်ရွှေဝါ ခရီးသည်ယာဉ်လိုင်း များကို သက်ဆိုင်ရာမြို့ကြီးများမှ အဝင်ပိတ်ထားသဖြင့် ယနေ့ နံနက်ပိုင်းမှစတင်ပြီး ယာဉ်ပြေးဆွဲမှုကို ခေတ္တရပ်နားထားကြောင်း လှိုင်ရွှေဝါကားဂိတ် တာဝန်ရှိသူ တစ်ဦး ထံမှသိရသည် ။  

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကြောင့် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး တို့အတွက် မန္တလေးမြို့နှင့် မိတ္ထီလာမြို့အတွင်းသို့ ခရီးသည်ယာဉ် များအဝင် ယာယီပိတ် ထားသဖြင့် မလှိုင် မြို့မှ မန္တလေးမြို့သို့ ပြေးဆွဲနေသော လှိုင်ရွှေဝါ ခရီးသည် ယာဉ်လိုင်းကို ယနေ့နံနက်ပိုင်းက စတင် ရပ်နားထားပြီး မလှိုင်-မိတ္ထီလာလိုင်း ကတော စက်တင်ဘာ(၁ဝ) ရက်နေ့မှစ၍ ရပ်နားထား ကြောင်းသိရသည် ။

''  ကျနော်တို့မြို့နယ်က ရပ်နား ခိုင်းတာတော့ မဟုတ်ပါဘူး ။ သက်ဆိုင်ရာ မြို့တွေကကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကြောင့် ရောဂါကြိုတင်ကာကွယ်တဲ့အနေနှင့် ခရီးသည် ယာဉ်အဝင်မခံလို့ ယာဉ်ပြေးဆွဲနေမှုကို ယာယီ ရပ်ဆိုင်းထား ရခြင်းဖြစ်ပါတယ်'' ဟု  ဂိတ်မှူး ဦးမောင်နိုင် က ပြောပြခဲ့သည် ။

အောင်ဌေး(မလှိုင်)