ဥတ္တရသီရိ စက်တင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ် လျက် ရှိကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လများအတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်း ဖြင့် မြို့နယ်အတွင်းရှိသက်ကြီးဘိုးဘွား (၂၁၈)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၅၄၀၀၀၀/-) ကို သက်ဆိုင်ရာရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ကို(ပြန်/ဆက်)