နမ့်စန်တွင် မူးယစ်ဆေးဝါးသုံစွဲမှု နောက်ဆက်တွဲ အန္တရာယ်လျော့ချရေးဆိုင်ရာ ဆွေးနွေးပွဲသင်တန်း ဆောင်ရွက်

နမ့်စန်() ဩဂုတ် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) (နမ့်စန်ရုံးခွဲ)မှ ဆောင်ရွက်သည့် မူးယစ်ဆေးဝါးသုံးစွဲမှု နောက်ဆက်တွဲအန္တရာယ် လျော့ချရေးဆို်ငရာ ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသင်တန်းတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)၏ မူးယစ်ဆေးဝါးသုံးစွဲမှုနောက်ဆက်တွဲအန္တရာယ် လျော့ချရေးစီမံချက်ဖြင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)(တောင်ကြီးမြို့)မှ Area Manager ဒေါက်တာသန်းမျိုးထွန်းနှင့် တာဝန်ရှိသူများက မူးယစ်ဆေးဝါးသုံးစွဲမှုနောက်ဆက်တွဲ အန္တရာယ်လျော့ချရေးအတွေးအမြင်နှင့် မသန်စွမ်းမှုအကျုံးဝင်စေရေးဆိုင်ရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းများ၊ ဆယ်ကျော်သက်လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့်အန္တရာယ်လျော့ချရေးဆိုင်ရာ အတွေးအမြင် များမှန်ကန်စွာသိရှိခြင်းဖြင့် မြို့နယ်ဒေသ၏ မူးယစ်ဆေးဝါးအန္တရာယ်လျော့နည်းရေး လုပ်ငန်းများတွင် ထိရောက်စွာပါဝင်ကူညီပေးနိုင်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်လျော့နည်းရေးကို လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အဆိုပါ ဆွေးနွေးပွဲသင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလ ၂ ရက်ပို့ချဆွေးနွေးသွားမည်ဖြစ်ကာ သင်တန်းသို့ မြို့ပေါ်ရပ်ကွက်များမှ စိတ်ပါဝင်စားသူ အမျိုးသား အမျိုးသမီး စုစုပေါင်း ၂၀ ဦး တက်ရောက်လျှက်ရှိကြောင်း သင်တန်းတာဝန်ရှိသူထံမှ သိရသည်။

သူရအောင်(ပြန်/ဆက်)