ရေးမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးကျရောက်လာပါက အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသင့်စုဖွဲ့ထားရှိ

ရေး ဩဂုတ် ၁၃

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းသဖြင့် တောင်ကျ ရေများကျဆင်းလာခြင်း၊ ချောင်ရေလျှံခြင်းများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများနှင့် တပ်ဖွဲ့ဝင်းများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ရန်မျိုးအောင်မြို့မမီးသတ်စခန်းရုံး၌ အသင့်စုဖွဲ့ထားရှိဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသက်ကယ်လှေများ၊ အသက်ကယ်အင်္ကျီများနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို အသင့်ထားရှိဆောင်ရွက်လျက် ရှိပြီး မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း ချိတ်ဆက်မှုများကို ဆောင်ရွက်လျက်ရှိပြီး ရေးမြစ်အခြေအနေကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်လျက်ရှိကြောင်း  မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ခံထံမှ သိရသည်။

ရေး၊ ပြန်/ဆက်