နမ္မတူမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလပ်စတစ်သုံးစွဲမှုလျော့ချရေး အများပြည်သူ အသိပညာပေးဟောပြောပွဲကျင်းပ

နမ္မတူ ဩဂုတ် ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလပ်စတစ်သုံးစွဲမှုလျော့ချရေး အများပြည်သူအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပန်ဟိုက်ရပ်ကွက်(၂)ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလပ်စတစ်သုံးစွဲမှုလျော့ချရေး အများပြည်သူအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက ပလပ်စတစ်ပစ္စည်းများလျော့သုံးရခြင်း အသိပညာပေးအကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ညောင်ရှန်းတိန်းက အမှိုက်စနစ်တကျစွန့်ပစ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှတောအုပ်ကြီး ဦးဆန်းနိုင်က သစ်တော၊ သစ်ပင်နှင့် ဂေဟစနစ်အကြောင်းအားလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်က မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး အကောင်းအရာများအားလည်းကောင်း အသီးသီးအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့မဈေးကြီးမှ ဈေးသူဈေးသားများ၊ ဒေသခံပြည်သူများ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဦးဆောင်ဆွေးနွေးသူများက အသီးသီးပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)