ညောင်ဦးခရိုင်တွင် (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပြိုင်ပွဲ ကျင်းပ

ညောင်ဦး ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်အခြေခံပညာဦးစီးဌာန၊ ခရိုင်သဘင် အနုပညာရှင်များအစည်းအရုံးတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက အရေး၊ အတီး (ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ဝါသနာရှင်(ဒုတိယတန်းအဆင့်)အမျိုးသားရုပ်သေးကြိုးဆွဲပြိုင်ပွဲ၊ ခရိုင်အဆင့်ပြိုင်ပွဲဝင် ညောင်ဦးမြို့နယ်မှ မောင်သုဝဏ္ဏအောင်ယှဉ်ပြိုင်ခြင်း၊ ဝါသနာရှင်(ဒုတိယတန်းအဆင့်)အမျိုးသားရုပ်သေးကြိုးဆွဲပြိုင်ပွဲ၊ ခရိုင်အဆင့်ပြိုင်ပွဲဝင် ညောင်ဦးမြို့နယ်မှ မောင်သူရအောင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်းအဆင့်၊ အမျိုးသမီးအဆိုပြိုင်ပွဲ (ခေတ်ဟောင်းကာလပေါ်)ခရိုင်အဆင့်ပြိုင်ပွဲဝင် ညောင်ဦးမြို့နယ်မှ မပန်းအိသွယ်မှ သီဆိုယှဉ်ပြိုင်ခြင်း၊ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်းအဆင့်၊ အမျိုးသမီးအဆိုပြိုင်ပွဲ(ခေတ်ဟောင်းကာလပေါ်)ခရိုင်အဆင့်ပြိုင်ပွဲဝင် ညောင်ဦးမြို့နယ်မှ မစန်းသီရိထွန်းမှ သီဆိုယှဉ်ပြိုင်ခြင်း၊ အခြေခံပညာ အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်းအဆင့်၊ အမျိုးသမီးအကပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲဝင် ညောင်ဦးမြို့နယ်မှ မဇင်ဖူးသော်၊ မခင်စပါယ်ဖြူတို့ကမှ ကပြယှဉ်ပြိုင်ခြင်း၊ ဝါသနာရှင်(ဒုတိယတန်း)အဆင့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲဝင် ညောင်ဦးမြို့နယ်မှ ပတ္တမြားမြဟန် ကတီးခတ်ယှဉ်ပြိုင်ကြပြီး၊  တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ အခြေခံပညာ(၁၀ နှစ်မှ ၁၅)နှစ်အတွင်းအဆင့် အမျိုးသားဆိုင်းတစ်ဦးချင်းပြိုင်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ်မှ မောင်ဇွဲသီဟနိုင်၊ စွမ်းရည်ပြတီးခတ်ဖျော်ဖြေခြင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ အခြေခံပညာ (၁၀ နှစ်မှ ၁၅)နှစ်အတွင်းအဆင့် အမျိုးသမီးအဆိုပြိုင်ပွဲ(ခေတ်ဟောင်းကာလပေါ်)သီချင်းအား ကျောက်ပန်းတောင်းမြို့နယ်မှ မသီရိကျော်ကသီဆိုဖျော်ဖြေပြီး၊ အခြေခံပညာ(၁၀ နှစ်မှ ၁၅)နှစ်အတွင်း အမျိုးသမီးအကပြိုင်ပွဲ ခရိုင်အဆင့် ကျောက်ပန်းတောင်းမြို့နယ်မှ မဝင့်ဝါထွန်း၊ မသက်နှင်းစံ၊ မဥဩလင်းဖြူတို့မှ ကပြယှဉ်ပြိုင်ခဲ့ကြပြီး၊ တိုင်းဒေသကြီးအဆင့် (ဝါသနာရှင်)ဒုတိယတန်းအဆင့် အမျိုးသမီးအကပြိုင်ပွဲသို့ ကျောက်ပန်းတောင်းမြို့နယ်မှ မရွှေရည်လင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးအဆိုပြိုင်ပွဲသို့ ကျောက်ပန်းတောင်းမြို့နယ်မှ မဝင်းလဲ့မွန် စွမ်းရည်ပြသီဆိုဖျော်ဖြေခြင်း၊ ဝါသနရှင်(ဒုတိယတန်း) အဆင့်အမျိုးသား ဆိုင်းတစ်ဦးချင်းပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲဝင် ကျောက်ပန်းတောင်းမြို့နယ်မှ မောင်စည်သူမင်းတို့ တီးခတ်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဆုရရှိသူများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်တာဝန်ရှိသူများ၊ ဖတ်ကြားထားသည့် ဧည့်သည်တော်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့် )ပြိုင်ပွဲသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင်းအတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ