မိုင်းပန်မြို့နယ်၌ ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်

မိုင်းပန်​​ဩဂုတ်​​၁၃

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ယမန်နေ့က ဟိုဖိုင်လုံကျေးရွာရှိ လဝဆည်ပေါက်ထွက်မှုကြောင့် ရေများလွှမ်းလျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲ အချိန်တွင် ဟိုဖိုင်လုံ ကျေးရွာနှင့် ရွာသစ်ရပ်ကွက် ရေဘေးသင့်အိမ်များသို့သွားရောက်ပြီး စားနပ်ရိက္ခာများ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

​အဆိုပါ ရေဘေးသင့်ပြည်သူများသို့စားနပ်ရိက္ခာများသွားရောက်ထောက်ပံ့ရာတွင် အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးကြီး တပ်မမှူး ဝင်းသူမျိုးနှင့် ဇနီး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် စေတနာရှင်အလှူရှင်များကို ဟိုဖိုင်လုံကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု(၅၉)စု၊ ရွာသစ်ရပ်ကွက် (၆၆)စု  စုစုပေါင်း အိမ်ထောင်စု (၁၂၅)စုအား  ဆေးရေစိမ်ခြင်ထောင်၊ ထမင်းနှင့်ဟင်း၊ ကြက်ဥ၊ မားမားခေါက်ဆွဲထုပ်နှင့် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရသည်။

​​​မိုင်းပန်(ပြန်/ဆက်)