တကောင်းမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ဝိုင်း၀န်းပူးပေါင်း ကာကွယ်ကြစို့ အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသ

တကောင်း စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ပြည်သူများ ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ ‌မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားရှိ ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ကိုဗစ် − ၁၉ ရောဂါ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ The New Normal (နေထိုင်မှုပုံစံသစ်များ)၊ ကာကွယ်ရ မည့် နည်းလမ်းများနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးအကြောင်း သိကောင်းစရာများ ပြသခဲ့‌ကြောင်း သိရသည်။

သီရိအောင် (ပြန်/ဆက် )