ရမ်းဗြဲ သြဂုတ် ၁၃
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မား၍ ဗလငါးတန်ပြည့်ဝစေရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစားနည်းများကို ယမန်နေ့က အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပုလုပ်တောင်တွင်မြို့နယ်အားကစားနှင့် ကာယပညဦးစီးဌာနမှ ပို့ချသင်ကြားပေးသည်။
ထိုသို့သင်ကြားပေးရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက ကိုယ်ကာယလှုပ်ရှားခြင်းကြောင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျန်းမာရွှင်လန်းပြီး စိတ်ကြည်လင်လန်းဆန်းမှုကိုရရှိ၍ ပညာသင်ကြားရာတွင် အထောက်အပံ့ကောင်းများရရှိစေရန်နှင့် ကျန်းမာပျော်ရွှင်စွာပညာသင်ကြား၍ ကျောင်းသား/ကျောင်းသူများအနေဖြင့် ဗလငါးတန်ပြည့်ဝစေရန်တို့ကို ရည်ရွယ်လျက်ပို့ချသင်ကြားပေးခြင်းဖြစ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းဦးဆောင်ပြီး ဝန်ထမ်းမှ တက်ရောက်လာကြသော ကျောင်သား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်ကာယလှုပ်ရှား အားကစားနည်းများကို ပြသသင်ကြားပေးရာ ကျောင်းသား/ကျောင်းသူ များမှလည်း ပျော်ရွှင်စွာလိုက်ပါလေ့ကျင်းခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)