မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသားကျောင်းသူများအား ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်‌စေရန်စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ

မိုင်းငေါ့ ဩဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီ အချိန်က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာတွင်သာမက အဖက်ဖက်တွင်ထူးချွန်သော ကလေးများဖြစ်လာစေရန် ရည်ရွယ်၍ကျင်းပပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးမှ ရှင်းလင်းပြောကြားပြီးနောက် မူလတန်း၊အလယ်တန်မှ ကျောင်းသား/သူ (၁၀)ဦးတိုက ဒို့ကျေးရွာဂျာနယ် အတွဲ (၁၉)အမှတ်(၁၀)မှ ”ဆေးလိပ်အန္တရာယ်အသိစိတ်ဖြင့် ကာကွယ်”ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူလေးများမှ စိတ်ဝင်စားစွာယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုရရှိသူများကို ဆုချီးမြှင့်၍ ပြိုင်ပွဲဝင်သူများအားလုံးကို အမှတ်တရလက်ဆောင်များပေးပြီး နို့စိမ်းပေါင်မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)