မန္တလေးတက္ကသိုလ်၌ လူကုန်ကူးမှုဆိုင်ရာဖြစ်ရပ်မှန် အခြေအနေများ ဟောပြောပွဲဆောင်ရွက်

မဟာအောင်မြေ ဩဂုတ် ၁၃

မန္တလေးတက္ကသိုလ်၌ ၂၀၂၂ခုနှစ်ဩဂုတ်လ ယမန်နေ့ မွန်းလွဲ (၂) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာန မန္တလေးတက္ကသိုလ်တို့ ပူး‌ပေါင်း၍ လူကုန်ကူးမှုဆိုင်ရာဖြစ်ရပ်မှန် အခြေအနေများ ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အသိပညာပေး ဆွေးနွေးပွဲတွင်   မန္တလေးတက္ကသိုလ် ဒု-ပါ‌မောက္ခချုပ် ဒေါက်တာဒေါ်နီနီအောင်က လူကုန်ကူးမှုဆိုင်ရာဖြစ်ရပ်မှန် အခြေအနေများ ဟောပြောပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး  စာရေးဆရာမ ဒေါ်နုနုကြည်(အမေ့အိမ်)က လူကုန်ကူးမှုဆိုင်ရာဖြစ်ရပ်မှန် အခြေအနေများနှင့်ပတ်သတ်၍ တက်ရောက်လာသော ကျောင်းသား/သူများအား အသိပညာဗဟုသုတတိုးပွားစေရန် လူကုန်ကူးမှုနှင့် လူ မှောင်ခိုကူးခြင်း မတူညီသည့်အချက်များ စသည့်အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောခဲ့ပြီးနောက် ဒေါ်နုနုကြည်(အမေ့အိမ်)က စာအုပ်များအား ပေးအပ်လှူဒါန်းရာ မန္တလေးတက္ကသိုလ် ဒု-ပါမောက္ခချုပ်  ‌ဒေါက်တာဒေါ်သဇင်မှ လက်ခံရယူပြီး   မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ဒေါ်နုနုကြည်(အမေ့အိမ်)အား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့‌ပြီး အဆင့်မြင့်ပညာဦးစီးဌာန၊မန္တလေးတက္ကသိုလ်မှ တက်ရောက်လာသော ကျောင်းသား/သူများ၊ဆရာ/ဆရာမများ၊  ဧည့်သည်တော်များအား "လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်စို့" လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုဘို ဟန်နှင့် စာရေးဆရာမ ဒေါ်နုနုကြည် (အမေ့အိမ်)၊မန္တလေးတက္ကသိုလ် ပါ‌မောက္ခချုပ် ဒေါက်တာတင်ထွန်း၊ ဒု-ပါ‌မောက္ခချုပ်ဆရာကြီး ဒေါက်တာမောင်မောင်ဝင်း၊ ဒု-ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ နီနီအောင်၊ တွဲဖက်ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများ၊ ကွန်ပျူတာသိပ္ပံ ဌာနမှူးများ၊ မန္တ‌လေးတက္ကသိုလ် ဆရာ/ဆရာမများ၊‌ ကျောင်းသား/သူများ၊ သင်ကြားစီမံ ဌာန‌ပေါင်းစုံဝန်ထမ်းများ တက်ရောက်ကြ‌ကြောင်း သိရသည်။

အောင်ဇော်မင်း