မြစ်သား၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ မြို့နယ်တာဝန်ရှိသူများက ပူးပေါင်း၍ ယနေ့ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဖြိုးစည်ဟိန်းနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မြို့ပေါ် ရှိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် လက်ဆေးဘေစင်များထားရှိခြင်း ရှိ/မရှိ၊ စားသောက်ဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများနှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိကို ဝင်ရောက်စစ်ဆေးခဲ့ကြသည်။
မြစ်သားမြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်မျာအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်း ကမ်းချက်များနှင့် ကျန်းမာရေးဆိုင်ရာစံနှုန်းများကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စံသတ်မှတ်ချက်များနှင့်အညီ စားသောက်ကုန်လုပ်ငန်းများ သန့်ရှင်း သပ်ရပ်စွာဖြင့် စနစ်တကျ လည်ပတ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးပြီးလိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)