ချောင်းဆုံ သြဂုတ် ၁၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများနှင့် မိုးစပါးနည်းပညာပေး စံပြစိုက်ကွက်များအတွက် မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီယား ဓာတ်မြေသြဇာများကို သြဂုတ်လ ၁၃ ရက်နေ့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် (ပထမ)အကြိမ် ခွဲဝေးရောင်းချ ပေးမည်ဖြစ်ကြောင်း ကနဦးသိရသည်။
မွန်ပြည်နယ်အတွင်းရှိ စပါးသီးနှံစိုက်ပျိုးမှုနှင့် မျိုးစေ့ထုတ်လုပ်ငန်းများအတွက် ခွဲတမ်း ရရှိသည့် ယူရီယားဓါတ် မြေသြဇာများကို ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇူလိုင်လ အထိ စပါးစိုက်ပျိုးပြီးစီးသည့် ကျေးရွာများနှင့် မိုးစပါးနည်းပညာပေး စံပြကွက်များကို (ပထမ)အကြိမ် စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သြဂုတ်လမှ စတင်၍ ၂၀၂၃ ဖေဖော်လအထိ (၇) ကြိမ်ခွဲ၍ ထုတ်ယူဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)