ကျောက်ဖြူ သြဂုတ် ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေပြည်သူများအား ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် သွေးလွန်တုတ်ကွေးရောဂါများ မကျရောက်စေရန်အတွက် မြို့ပေါ်ပရဟိတအသင်းများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးကြီးအတွင်းသို့ သွားရောက်၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့ပေါ် ပရဟိတအသင်းများဖြစ်သည့် ဓူဝံကြယ်နာရေးကူညီမှုအသင်း၊ လေးဝတီကုလရက္ခိတပရဟိတအသင်း၊ လင်းရောင်ခြည်ပရဟိတအသင်းနှင့် ရက္ခိတရင်ခွင်သာရေး နာရေးအသင်းတို့အသင်းတို့ ပူးပေါင်းပြီး မြို့မစည်ပင်သာယာဈေးကြီးသို့ သွားရောက်ကာ ၎င်းဈေးကြီး အတွင်း၌ရောင်းချနေသည့် အသား/ငါးဈေးဆိုင်ခန်းများ၊ ဟင်းသီး၊ဟင်းရွက်ဈေးဆိုင်ခန်းများ။ ကုန်စုံဆိုင်ခန်းများ၊ ဈေးခြံဝန်းအတွင်း/အပြင်နှင့် ခြင်ခိုအောင်းပေါက်ပွားနိုင်ခြေရှိသည့် နေရာများအား မာလာသီယွန် ခြင်ဆေးဖြန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း