မိုးမောက် သြဂုတ် ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာအသိ ပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေး က Talk Show ဆောင်ရွက်ရခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတောက်ထွန်းက မိုးစပါးစိုက်ပျိုးမှု၊ ရာသီဥတု ပြောင်းလဲမှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ပိုးမွှားအန္တရာယ်အခြေအနေ၊ ပိုးမွှားနှိမ်နင်းရေး၊ သဘာဝဓာတ်မြေသြဇာ ထုတ်လုပ်မှုအကြောင်းများနှင့် စိုက်ပျိုးရေးဌာနမှ နည်းပညာများ ဖြန့်ဝေပေးမှုအခြေ အနေများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
လွန်းနန်းထွေး