ကျောက်တံတားမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှု ဟောပြောပွဲကျင်းပ

ကျောက်တံတား ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊  ကျောက်တံတားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှု‌ ဟောပြောပွဲ အခမ်းအနားကို ယနေ့‌ နေ့လယ် ၁၂ နာရီက အမှတ်(၅)ရပ်ကွက်၊ (၃၇)လမ်းရှိ အထကကျောင်း စကားဝါခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင်  မြို့နယ်ဆရာဝန်ကြီး‌ ဒေါက်တာစိုးလင်းထူးက ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ မျိုးကွဲသစ်‌ရောဂါ၊ မျောက်ကျောက် ရောဂါ၊ သံကောင်တုတ်ကောင်ရောဂါ‌ အကြောင်းသိကောင်းစရာများ၊ စနစ်တကျသွားတိုက်နည်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဆန်းက ကျောင်းသား/ကျောင်းသူများကို ယခုလိုမြို့နယ် ကျန်းမာရေးအဖွဲ့မှ ကျန်းမာ‌ရေး ဗဟုသုတများ လာရောက်ဟောပြောပေးသည့်အတွက်‌ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်ကျန်းမာရေးအဖွဲ့မှ ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေ ကျန်းမာရေးစစ်ဆေးခြင်းနှင့်သံချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်ခေါင်းဆောင်သော အဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား‌/ကျောင်းသူ များ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရသည်။

ရွှေဇင်ခိုင် (ပြန်/ဆက်)