ဗဟန်း သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ (၁:၀၀) နာရီက ဗဟန်းမြို့နယ် ဂီတအစည်းအရုံးမြို့နယ်အဆင့် အမှုဆောင်များ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဒေါ်ဆည်းဆာ က အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ဦးသိန်းဟန်မှ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးတင်ပြခြင်းနှင့် တွဲဘက်အတွင်းရေးမှူး ဦးခိုင်ချစ်အောင်မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ ရှေးလုပ်ငန်းစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ အဖွဲ့ဝင် စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စန္ဒာမိုး