မြင်းခြံမြို့တွင် ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

မြင်းခြံ ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နေ့လယ် ၂ နာရီအချိန်က မြင်းခြံမြို့ မင်းကျောင်းတိုက် ဓမ္မာရုံတွင် ဆရာတော်သံဃာတော်များအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးထိုးနှံခြင်းတွင် အသက် (၁၂)အောက် သံဃာတော်များအား Sinopharm ကာကွယ်ဆေး ထိုးနှံပေးပြီး၊ အသက် (၁၂) နှစ်အထက် သံဃာတော်များအား Myancopharm ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ သံဃာတော် (၂၁၅) ပါးနှင့် သီလရှင်ဆရာတော်(၂)ပါးအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး သီလရှင်ဆရာတော်(၈) ပါးအား တတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား မြင်းခြံမြို့နယ် ကျန်းမာရေးမှူး ဦးမြင့်သူနှင့် ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြပြီး ကျန်ရှိနေသေးသည့် ဆရာတော်သံဃာတော်များအား ဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)