ရှင်ဗွေယန် သြဂုတ် ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် လူကုန်ကူးမှုမြောက်စေသော အကြောင်းအရာများ၊ လူကုန်ကူးမှုဖြစ် စေသော အဓိက အကြောင်းတရားများ၊ လူကုန်ကူးမှု ခံရနိုင်ခြေအများဆုံး ဖြစ်စေနိုင်သော အကြောင်းအရာများ၊ လူကုန်ကူးမှုကျူးလွန်သူများ ကျခံရမည့် ပြစ်ဒဏ်များအကြောင်းနှင့် လူကုန်ကူးမခံရအောင် မည်သို့သောလူများကို သတိပြုရမည့် အချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမာချိုနှင့် နယ်မြေရဲစခန်းမှ ဒု-ရဲအုပ် ဦးဝင်းလှိုင်ဦးတို့က အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့သို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ခြင်းဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းတွင် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြသည့် ပြည်သူများအတွက် သိထားသင့်သည့် အခြေခံအချက်အလက်များနှင့် လူကုန်ကူးမှုဟု သံသယဖြစ်ဖွယ်ရှိလျှင် မည်သို့ဆောင်ရွက်ရမည်ကို သိရှိစေရန် ရည်ရွယ်ကျင်းပကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမာချိုထံမှသိရသည်။
အာရ်နိုင် (ပြန်/ဆက်)