အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသ စသည့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရန်ကုန် ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်စိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်၊ စာပေကို လက်ဝယ်အရောက် ဖတ်ရှု့နိုင်စေရန်နှင့် စာပေကို ပိုမိုဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စသည့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

စာအုပ်များ ငှားရမ်းပေးရာတွင် ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး အသစ်ပြန်လည်ငှားရမ်းပေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ရုံးရှိ ဝန်ထမ်းများက ပြည်သူများစာပေကို ဖတ်ရှုနိုင်စေရန်အတွက် အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်များကို အလှည့်ကျ သွားရောက်ငှားရမ်းပေးနေခြင်း ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးအနေဖြင့် ပြည်သူများအား အသိပညာဗဟုသုတများစွာ ရရှိစေရန်အတွက် ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း Talk Show များ၊ ဟောပြောပွဲများနှင့် ကလေးများအတွက် ပုံပြင်များကိုလည်း Online မှ တစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)