မိုင်းဖြတ် သြဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သြဂုတ်လ ၁၁ ရက် ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းဟဲကျးရွာအုပ်စုရှိ မယ်ဟုတ်ချောင်း ရေကြီးရေလျှံဖြစ်ပွားပြီး ချောင်းဘေးအနီးရှိ မိုးစပါးစိုက်ခင်း (၇၅)ဧကခန့် ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရေကြီးရေလျှံမှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကွင်း(၃)ကွင်း၌ တောင်သူ (၂၁)ဦးတို့၏ မိုးစပါးစိုက်ပျိုးထားသည့် လယ်ယာမြေ (၇၅)ဧက ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)