ကျောက်ပန်းတောင်းပြန်/ဆက်  လူထုအခြေပြုဗဟိုဌာန၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်းအသိပညာပေး Talk Show ပြုလုပ်

ကျောက်ပန်းတောင်း  ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါအကြောင်းအသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်သဲဖြူက သွေးလွန်တုပ်ကွေး ဖြစ်ပွားတတ်သည့် အခြေအနေနှင့်လက္ခဏာများ၊ ကြိုတင်ကာကွယ်ခြင်းဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပါက ပြသတတ်သည့် လက္ခဏာနှင့်အခြေအနေများ အကြောင်းကို မေးမြန်းဆွေးနွေးရာ၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိသည့် ရာသီနှင့် ရောဂါသယ်ဆောင်တတ်သည့်ခြင်များ ပေါက်ပွားမှုအလေ့အထများ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဆိုပါ ခြင်ပေါက်ပွားနိုင်ခြင်းမရှိအောင် ကြိုတင်ဆောင်ရွက်သင့်သည့်နည်းလမ်းများဖြစ်သည့် ဖုံး၊သွန်၊စစ်၊လဲ လုပ်ငန်းများ၊ ရောဂါဖြစ်ပွားပါက ပြသတတ်သည့်လက္ခဏာများနှင့် အသက်အန္တရာယ်ဆုံးရှုံးသည့်အထိဖြစ်ပွားတတ်သည့်အခြေအနေများ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမရှိစေရန်အတွက် ကျန်းမာရေးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)