ကျိုက်ထို ဩဂုတ် ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့က်ဆံရေးဦးစီးဌာနနှင့် အား ကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသု ရရှိစေရန် အားကစား၏ အကျိုးကျေးဇူးကို သိရှိစေရန်၊ ရည်ရွယ်၍ အသိပညာပေးဟော ပြောပွဲကို ယနေ့ နံနက် (၁၀)နာရီ က အထက(၂) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲပြုလုပ်ရာတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်မှ လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး သထုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းရွှေမှ အားကစားပညာရပ်များဖြစ်သော ဘောလုံးကစားခြင်းဆိုင်ရာ နည်းစနစ်များ ၊ဘော်လီဘောကစားခြင်းဆိုင်ရာ နည်းစနစ်များ၊ ဘက်စကပ်ဘောဆိုင်ရာ နည်းစနစ်များ၊ ပြေး ခုန်ပစ်ဆိုင်ရာ နည်းစနစ်များ၊ စစ်တုရင်ကစားခြင်းနည်း စနစ်များ၊ စားပွဲတင်တင်းနစ်နည်းစနစ်များ၊ လှေလှော်ရွက်တိုက်နည်းစနစ်များနှင့်အတူ မြန်မာ့ရိုးရာ သိုင်းပညာရပ်အကြောင်းများကို ပြောကြားခဲ့ကြရာ အထက(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီ၀င်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ ယာဉ်စည်းကမ်းအန္တရာယ် အသိပညာပေး၊ သဘာ၀ ဘေးအန္တရာယ် အသိပညာ ပေး၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား ၊ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)