တာမွေမြို့နယ်တွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာစွာ လိုက်လံရောင်းချပေး

တာမွေ ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Lwin Maung Maung Co.,Ltd. မှ တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် (၁၆၆)လမ်းတွင် စျေးကားဖြင့် (Mobile Market) ဖွင့်လှစ်၍ သန့်ရှင်း လတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာစွာ အိမ်တိုင်ရာရောက် လိုက်လံ ရောင်းချပေးခဲ့ကြသည်။

အဆိုပါ တာမွေမြို့နယ်အတွင်း (Mobile Market) ဖွင့်လှစ်၍ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးနေမှု အခြေအနေများအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ တာမွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများကို (Mobile Market) ဖွင့်လှစ်၍ သက်သာသော စျေးနှုန်းများဖြင့် အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးရာတွင် စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် (၃၇၀၀/-)နှုန်းဖြင့် အသီးသီး ရောင်းချပေးခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများတစ်ခဲနက် လာရောက် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

“စားသုံးဆီ စျေးနှုန်းမြင့်တက်နေတဲ့ ယခုလိုအချိန်မှာ ကျွန်မတို့ ပြည်သူတွေအနေနဲ့ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်တဲ့ စားသုံးဆီများကို စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်စေ‌ရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးတာဟာ ကျွန်မတို့ ဒေသခံပြည်သူတွေအတွက် ငွေကြေးကုန်ကျစရိတ် သက်သာရုံသာမက စျေးအထိ သွားရောက်ဝယ်ယူစရာ မလိုအပ်သည့်အတွက် အချိန်ကုန်လည်း သက်သာပါတယ်။ နောင်လည်း အခုလို လာရောက်ရောင်းချပေးစေချင်ပါတယ် ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)