ဝမ်းတွင်းမြို့၌ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအသင့်စုဖွဲ့ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ဝမ်းတွင်း  ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့၌ သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးအသင့်စုဖွဲ့ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအသင့် စုဖွဲ့ဇာတ်တိုက်လေ့ကျင့်ခြင်း များဆောင်ရွက်ရာတွင် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ အရ မုန်းတိုင်းငယ်(Depression)အချိန်ကြောင့် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး ဒေသ များအလိုက် နေရာကွက်၍မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် သဘာဝဘေးအန္တရာယ်များ  ဖြစ်ပေါ်လာနိုင်ပြီး အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် အသင့်စုဖွဲ့အလိုက် လေ့ကျင့်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှုး ဦးစိုးထွန်းထံမှသိရသည်။ ယခုလို သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး အသင့်စုဖွဲ့ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးစိုးထွန်းခေါင်းဆောင်၍ မြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ တာဝန်ခံ အရာရှိများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းလေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)