မြစ်ကြီးနား ဩဂုတ် ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အလေးမ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားရုံများကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အလေးမ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးစိန်မြင့်ဇော်နှင့် ကော်မတီအဖွဲ့ဝင်များက သက်မှတ်ထားသည့် စံချိန်စံညွန်း စည်းမျဉ်းစည်း ကမ်းချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာ မြစ်ကြီးနားမြို့နယ်၊ လင်းရောင်ခြည်ရပ်ကွက်ရှိ TR Fitness Center ၊ မြို့သစ်ရပ်ကွက်ရှိ IRON PARDISE ၊ အောင်နန်းရပ်ကွက်ရှိ HERO BODY ၊ အေးစေတီရပ်ကွက်ရှိ GLORY GYM ၊ လယ်ကုန်း နယ်မြေ (၁၄) ရှိ Kumar GYM ၊ ရွှေညောင်ပင်ရပ်ကွက်ရှိ MY GYM နှင့် အေးစေတီရပ်ကွက်ရှိ SMART FIT အလေးမ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွန်း စည်းမျဉ်း စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိသည့် အားကစားရုံများအား ကချင်ပြည်နယ် အလေးမကာယဗလနှင့် ကာယကြံ့ခိုင်မှု ဆပ်ကော်မတီအဖွဲ့ချုပ်မှ အသိအမှတ်ပြုလက်မှတ်များပေးအပ်ခဲ့သည်။
မြစ်ကြီးနားမြို့နယ်တွင် အလေးမကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားရုံ စုစုပေါင်း (၂၀) ရှိကြောင်းနှင့် ကျန်ရှိနေသော အားကစားရုံများကို ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက် သွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။
ယော်ဆောင်(ပြန်/ဆက်)