နေပြည်တော် ဩဂုတ် ၁၂
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် Diamond Dragon Co.,Ltd က ဘူးသွင်းဆီ(Consumer Pack)များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ဈေးကားဖြင့် လှည့်လည်၍ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဈေးကားဖြင့် လှည့်လည်၍ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ဩဂုတ်လ ၁၀ ရက်နေ့တွင် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ယာများတွင် လည်းကောင်း၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) တွင် လည်းကောင်း ရောင်းချပေးခဲ့ပြီး ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ ဝန်ကြီးဌာနရုံးများ၊ စည်ပင်သာယာဈေးများ၊ ဝန်ထမ်းအိမ်ယာများ၊ မြို့နယ်၊ ရပ်ကွက်များသို့ ဆက်လက်၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)