မိုင်းတုံမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်း ဒေသဝက်ပေးအပ်ပွဲ ကျင်းပ

မိုင်းတုံ ဩဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဖာချယ်ကျေးရွာအုပ်စု၊ ပန်ကျိုင်းကျေးရွာရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်း ဒေသဝက် ပေးအပ်ပွဲကျင်းပခဲ့သည်။

အဆိုပါ ပေးအပ်ပွဲအခမ်းအနားတွင် မိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးငြိမ်းထွန်းကျော်ကအသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်း ဒေသဝက်တွေကို ဒေသခံပြည်သူတွေအတွက် တစ်ဘက်တစ်လမ်းကနေ ဝင်ငွေတိုးပွားစေရန်ရည်ရွယ်ပြီး ဖြန့်ဖြူပေးခြင်းဖြစ်သည့်အတွက် မိမိတို့ကလည်း မိမိတို့ရရှိထားသည့် ဒေသဝက်များ သေချာစွာဂရုတစ်စိုက်နဲ့ စနစ်တကျပြုစုပျိုးထောင်ပြီး မွေးမြူသွားကြရန်၊ ဒေသဝက်အတွက် ကာကွယ်ဆေးနှင့် ပတ်ဝန်းကျင်အတွင်း ပိုးသက်ဆေးများဖြန်းလိုကာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် သွားရောက်ယူနိုင်ပါတယ်၊ အဖိုးအခမပေးရပါဘူး မိမိတို့မွေးမြူထားသည့် တိရစ္ဆာန်အဆင်ပြေပြေနဲ့ တိုးပွားအောင်ဆောင်ရွက်စေလို့ကြောင်း အကျယ်တစ်ဝန်း အမှာစကားပြောပြီးနောက် ပန်ကျိုင်းကျေးရွာရှိ အိမ်ထောင်စု(၁၀)စုအား (၁)စုလျှင် ဒေသဝက်တစ်ကောင်နှုန်းဖြင့် ဒေသဝက်(၁၀)ကောင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)