မြောက်ဥက္ကလာပမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး

မြောက်ဥက္ကလာပ ဩဂုတ် ၁၂

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့မွန်းလွဲ နာရီအချိန်က ()ရပ်ကွက်‌ ဒေသန္တရ ကျန်းမာရေးဌာနတွင် ထိုးနှံ​​ပေးလျက်ရှိ​ပြီး ကျန်ရပ်ကွက်များတွင်လည်း သတ်မှတ်ဆေးထိုးစုရပ် နေရာများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အသက်(၂)နှစ်အောက် ကလေးငယ်များအား ပြင်းထန်အဆုတ်ရောင်ရောဂါ (ပီစီဗီ) ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ မေးခိုင်အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်) ကာကွယ်ဆေး၊ ဝမ်းလျှော (ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး) ပိုလီယိုသောက်ဆေးနှင့် ထိုးဆေး၊ ဝက်သက်ဂျိုက်သိုး အစရှိသည့် (ငါးမျိုးစပ်) ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အပတ်စဉ်စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။ 

လှလှထွေး(ပြန်/ဆက်)