မချမ်းဘော့မြို့ (Community Centre) ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

မချမ်းဘော့ ဩဂုတ် ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ (Community Centre) ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲ နှင့် စာအုပ် စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲအား ကလေးသူငယ်များ စိတ်ကူးစိတ်သန်းထက်မြက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက် မြင့်မားစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အထက မချမ်းဘော့ကျောင်းမှ မူလတန်းကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြရာ မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ပထမ၊ ဒုတိယနှင့် တတိယ ရရှိသူများအား ဆုလက်ဆောင်များ ချီးမြင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် သုတ/ရသ စာအုပ်/စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား လူငယ်များ စိတ်ဝင်တစား ဖတ်ရှုလေ့လာကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)