သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်နှင့် ပဲဆီများဆက်ကပ်လှူဒါန်း

သီပေါ ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့်သီလရှင်များ ဆွမ်းကိစ္စရပ်များ အခက်အခဲမရှိစေရန်ရည်ရွယ်၍ ဆွမ်းဆန်တော်နှင့်ပဲဆီများလှူဒါန်းခြင်းကို ယနေ့နံနက်(၉)နာရီခွဲက သီပေါမြို့နယ်ရွှေဒါးဘုန်းကြီးကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် ဆန်(၄)အိတ်၊ ပဲဆီ(၁)ပုံးတို့ကိုပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့၊ ဦးစီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆပ်ကပ်လှူဒါန်းခဲ့ရာကျောင်းထိုင်ဆရာတော် မှလက်ခံရယူခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ သီပေါမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့လစဉ် အလှည့်ကျ သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)