ဇေယျာသီရိ ဩဂုတ် ၁၂
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က ကလေးသူငယ်များအား အလုပ်ခိုင်းစေရာတွင် သတ်မှတ်ထားသည့်အသက်အပိုင်းအခြားနှင့် ပြည့်စုံရမည့်အချက်များ၊ ကလေးငယ်များအားအလုပ်ခိုင်းစေရာတွင် သတ်မှတ်ထားသည့် အချိန်နာရီ၊ အသက်အရွယ်လိုက် အလုပ်လုပ်ချိန်ကွာခြားမှုများ၊ အဆိုးရွားဆုံးပုံစံခိုင်းစေမှုများနှင့် ကာကွယ်ပေးထားသည့်ဥပဒေများ၊ ကလေးအလုပ်သမားတွေလျော့ချဖို့ ဆောင်ရွက်သင့်သည့်နည်းလမ်းများ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်းသိရသည်။
နိုင်မင်းထက်(ပြန်/ဆက်)