သပိတ်ကျင်း သြဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးဖွင့်လှစ်ထားသည့် မူကြိုကျောင်းမှကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အာဟာရဆေးတိုက်ကျွေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဆရာမ ဒေါ်ခင်ငြိမ်းဌေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းနှင့် အဖွဲ့ဝင်ဒေါ်လွင်လွင်မော်တို့မှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဗီတာမင်(A)နှင့် သန်ချဆေးများတိုက်ကျွေးခဲ့ပြီး ကလေးမိခင်များအား ကျန်းမာရေးအသိပညာပေးပြောကြားခဲ့သည်။
အဆိုပါ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ/ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများမှ ကလေးငယ်အား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ဗီတာမင်(A)နှင့် သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်( ပြန်/ဆက်)