မိုးမိတ်မြို့ရှိ အခြေခံပညာကျောင်းများ၌ သံချဆေးနှင့် သံဓာတ်အားဆေးများ တိုက်ကျွေး

မိုးမိတ် ဩဂုတ် ၁၂  

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သံချဆေးနှင့် သံဓာတ်အားဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ကျွေးရာတွင် ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် သံချဆေးများကို တိုက်ကျွေးခြင်းဖြစ်ပြီး သံကောင်များသည် နေရာတိုင်းမှရှိသည့်အတွက် အစာမစားမှီ လက်ကိုသန့်ရှင်းစွားဆေးကြေားပါ အစာစားပြီး ၃ နာရီအကြား(သို့)ညအချိန်တွင် သောက်ရမည်ဖြစ်ကာ ၆ လတစ်ကြိမ် တိုက်ကျွေးသွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်ပြန်လည်တိုက်ကျွေးသွားမည်ဖြစ်ဟု အမျိုးသမီးကျောင်းသူများအတွက် သံဓာတ်အားဆေးများကို တိုက်ကျွေးသွားမည်ဟု ကျန်းမာရေးဆရာမ ဒေါ်နွယ်နီခိုင်က ပြောသည်။

ထိုသို့သံချဆေးတိုက်ကျွေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာသိမ့်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေး၊ ‌ကျောင်းအုပ် ဆရာမကြီးဒေါ်နန်းမြလေးနှင့်ဆရာ၊ ဆရာမများက ကျောင်းသား ကျောင်းသူ ၆၉၆ ဦးတို့အား တိုက်ကျွေးခဲ့ကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)