ကျိုင်းတုံ ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာတွင် မိုးကြိုးထိမှန်သေဆုံးခဲ့ သူ၏ မိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးကြိုးထိမှန် သေဆုံးခဲ့သော အမျိုးသမီးတစ်ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ငွေကျပ် ၃ သိန်းကို ကျန်ရစ်သူမိသားစုထံ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှု ဦးစီးဌာန တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာနေ မိုးကြိုးထိမှန်သေဆုံးခဲ့သည့် အမျိုးသမီးသည် ဩဂုတ် ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်းနေချိန် ဝက်ခြံအတွင်းရှိ ဝက်သားပေါက်များအား သွားရောက်ကြည့်ရှုစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)