စဉ့်ကူးမြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေး

စဉ့်ကူး   သြဂုတ်    ၁၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ဖြစ်သည့် သြဂုတ်လ(ဒုတိယပတ်)တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက  အခြေခံပညာ အထက်တန်း ကျောင်း(စဉ့်ကူး)၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ သူနာပြု ဒေါ်ယင်းမာသန်းနှင့်ဝန်ထမ်းများက စဉ့်ကူး အ.ထ.ကတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့်  KG တန်းမှ Grade (11) အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀၉)ဦးအား သံချဆေးများ တိုက်ကျွေးခဲ့​သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်း ပတ်လှုပ်ရှားမှုများနှင့် အထိမ်းအမှတ်အခမ်းအနားများကို နိုင်ငံတဝန်းတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)