ဒဂုံတောင် သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အပတ်စဉ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁) နာရီက ဆောင်ရွက်ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနိုင်က သမဝါယမဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအား ချပြရှင်းလင်းဆွေးနွေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရန် ရှောင်ရန်များ၊ ဝန်းထမ်းများ၏ လုံခြုံရေးဆိုင်ရာများနှင့် (၆၆/၆) ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးပြီး ဌာနဆိုင်ရာများ၏ (၆)လပတ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား အကြီးအကဲများလာရောက်ပါက တင်ပြရန်အတွက် ကြိုတင် ပြင်ဆင်ထားရှိကြရန်နှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား တင်ပြပေးရန်ဆွေးနွေးပြောကြားသည်။
ထိုနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊(၆၆/၆) အိမ်ထောင်စုစာရင်း ဆောင်ရွက်မှုအခြေအနေများ လိုအပ်ချက်များ အား တင်ပြကြရာ တာန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးကြောင်း သိရသည်။
ကျော်စွာမိုး(ဒဂုံတောင်)