မံစီမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

မံစီ ဩဂုတ် ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြည်သူများအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ အကြောင်းအရာ များကို သိရှိစေရန်နှင့် ရောဂါကို ကြိုတင်ကာကွယ်ကာ ရောဂါကင်းဝေးပြီး ကျန်းမာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်လျက်ရှိနေခြင်းဖြစ်ပြီး အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို  အွန်လိုင်း လူမှုကွန်ယက် စာမျက်နှာများမှတစ်ဆင့် ထုတ်လွှင့်သွား မည်ဖြစ်ကြောင်း  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဦးက ပြောကြားသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မံစီမြို့ပြည်သူ့ကျန်းမာရေးဦးစီဌာနမှ သူနာပြုဆရာမကြီး ဒေါ်ချောချောမေက သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပေါ်လာစေသည့် အကြောင်းအရာများ၊ ရောဂါ ဖြစ်ပေါ်လာပါက ကုသဆောင်ရွက်လိုက်နာရမည့် အကြောင်းအရာများ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ တွင် ဆောင်ရွက်လိုက်နာရမည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)